ဘရာစီယာဝတ်ဆင်ခြင်းနှင့် ရင်သားကင်ဆာဆက်စပ်ပုံ
25-Feb-2017
ရင်သားကင်ဆာဆိုတာ ၁၉ ရာစုနှောင်းပိုင်း ဘရာစီယာမပေါ်ခင် ရှေးကတည်း က ဖြစ်ပေါ်ခံစားလာရတာဆိုတော့ ဘရာစီယာဝတ်တာတစ်ခုတည်းကြောင့် ကင်ဆာဖြစ်တာမဟုတ်နိုင်ဘဲ အာဟာရပြည့်ဝစွာ စားမစား၊ အဝလွန်မလွန်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်နိုင်မလုပ်နိုင်၊ ဟော်မုန်းဆေးတွေ သောက်နေမသောက်နေ စတဲ့ အရေးကြီးတဲ့အချက်တွေ အပေါ် မူတည်ပါသေးတယ်။
သွေးတွင်းအီစရိုဂျင်ပမာဏ မြင့်တက်နေရင် ရင်သား ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့် တက်စေတာမို့ မိမိသောက်သုံးတဲ့ ဆေးဝါး၊ အစား အသောက်တွေမှာ ဟော်မုန်းတွေ ပါ မပါ ဆန်းစစ်နေသင့်တယ်။ ဒါကြောင့် ကလေးမယူချင်သေးလို့ သန္ဓေတားဆေး သုံးစွဲသူတွေ၊ သွေးဆုံး အပြီး ဟော်မုန်း ဖြည့်စွက်ဆေး သောက်သုံးချင်သူတွေအနေနဲ့ ကျွမ်းကျင်သူပညာရှင်များကို မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် အလွယ်မသောက် သုံး သင့်ပါဘူး။ ဒါတင်မကဘဲ မျိုးရိုးလိုက်တာနဲ့ နားမလည်နိုင်တဲ့ ထူးဆန်းအ့ံသြဖွယ်ရာ အချက်များကြောင့်လည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။
အရှေ့တိုင်းဓလေ့အရတော့ ဘရာစီယာမဝတ်ချင်လည်း ဘော်လီ (ခေါ်) အတွင်းခံ မကျပ်မချောင် အနေတော် ဝတ်ဆင်သင့်ပါတယ်။ ဘရာစီလုံးဝမဝတ်ဆင်ရင်ရော ရင်သားကင်ဆာ မဖြစ်ဘူးလို့ တထစ်ချ မပြောနိုင်ပါဘူး။ တခြားအကြောင်းတွေကြောင့် ကင်ဆာဖြစ်မယ့်သူကတော့ ဖြစ်ကိုဖြစ်မှာပါပဲ။ ဒါကြောင့် လျှပ်ပေါ်လော်လည်စွာ၊ Bra less ဟော့ရမ်းစွာ ဝတ်စားဆင်ယင်မယ့်အစား မတင်းကျပ်ဘဲ အနေမခက်စေတဲ့ ဘရာစီယာ (သို့) အတွင်းခံ ဘော်လီအကျင်္ ီကို အမျိုးသမီးတိုင်း ဝတ်ဆင်သင့် ပါကြောင်း ဖော်ပြတိုက်တွန်းလိုက်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြချယ်ရီ
Ziwaka magazine, April 2016, Pg.103
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
